ငှက်တစ်ကောင် ရှိတယ် .....
သူ့ရင်ဘတ်က ကွဲနေတယ် ......
မိတ်ဆွေ .....
သူ့အသံကို နားထောင်ကြည့်ပါ ။

Friday, 23 December 2011

ရည်းစားစာ
စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး
ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ
နင့်နှလုံးသားကို ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ
တာရာမင်းဝေ
..